ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပစိဖိတ် သမုဒ္ဒရာထဲမှာ ရှာတွေ့ခဲ့တဲ့ သန္တာကျောက်တန်းကြီး
ပစိဖိတ် သမုဒ္ဒရာထဲမှာ ရှာတွေ့ခဲ့တဲ့ သန္တာကျောက်တန်းကြီး
ပစိဖိတ် သမုဒ္ဒရာထဲက စူးစမ်းလေ့လာရေး ခရီးစဉ် တစ်ခုအတွင်းမှာ ကြီးမားတဲ့ သန္တာ ကျောက်တန်းကြီးကို လေ့လာသူတွေက ပထမဆုံး အကြိမ် ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ National geographic ရဲ့ လေ့လာရေး ခရီးစဉ်မှာ ပစိဖိတ် သမုဒ္ဒရာရဲ့ အစွန်အဖျားပိုင်းတွေကို စူးစမ်းလေ့လာခဲ့ပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် သန္တာ ကျောက်တန်းတွေ ဘယ်လောက် ပျက်စီးနေပြီလဲ ဆိုတာကို လေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဘီဘီစီ ရဲ့ ရာသီဥတု ဆိုင်ရာ သတင်းထောက် ဂျော်ဂျီနာ ရမ်းနက်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။