အီရန်မှာ အမျိုးသမီးတွေ သေနတ်ပစ်လေ့ကျင့်

အီရန်မှာ အမျိုးသမီးတွေ သေနတ်ပစ်လေ့ကျင့်
ရေးသားခဲ့သည်။

အီရန်နဲ့ အစ္စရေး၊ အမေရိကန်တို့ တင်းမာမှုတွေ တိုးနေချိန်မှာ အစိုးရထောက်ခံတဲ့ အမျိုးသမီးတွေက မြို့တော် တီဟီရန်က စစ်စခန်းတွေမှာ သေနတ်ပစ်ကွင်းတွေမှာ လာလေ့ကျင့်နေတာ တွေ့ရမှာပါ။ အစ္စရေးနဲ့ အမေရိကန်တို့က မြေပြင်ထိုးစစ်လုပ်လာရင် ပြန်တိုက်ဖို့ အရပ်သားတွေကို စစ်လေ့ကျင့်ခန်းတွေ သင်ပေးနေတဲ့ JaanFada (စွန့်လွှတ်ခြင်း) အစီအစဥ်ကို အစိုးရက နိုင်ငံတစ်ဝန်းစလုပ်နေပါတယ်။ လူပေါင်း ၃၁ သန်း စာရင်းပေးထားကြတယ်လို့လည်း အီရန်အစိုးရကပြောပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #အီရန် #အမေရိကန် #အစ္စရေး #အမျိုးသမီး