ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လိင်တူ ချစ်သူစုံတွဲတွေ ထိုင်းမှာ တရားဝင် လက်ထပ်ခွင့်ရ
လိင်တူ ချစ်သူစုံတွဲတွေ ထိုင်းမှာ တရားဝင် လက်ထပ်ခွင့်ရ
ထိုင်းနိုင်ငံမှာ လိင်တူချင်း တန်းတူညီမျှမှု ဥပဒေသစ် စတင် သက်ဝင်လာပြီ ဖြစ်တာကြောင့် ရာနဲ့ချီတဲ့ လိင်တူချစ်သူ စုံတွဲ တွေဟာ ရွှေလက်တွဲ ထိမ်းမြား နေကြပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ LGBTQ တွေကို လက်ထပ်ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံ ဖြစ်သလို၊ အာရှရဲ့ တတိယမြောက် နိုင်ငံ လည်း ဖြစ်ပါတယ်။ လူတိုင်းရဲ့ ချစ်ချင်း မေတ္တာကို ဂုဏ်သိက္ခာရှိရှိ တရားဝင် အသိအမှတ်ပြုနိုင်တဲ့နေ့ ဖြစ်တာကြောင့် သမိုင်းဝင် နေ့တစ်နေ့ဖြစ်တယ်လို့လည်း ထိုင်း ဝန်ကြီးချုပ်က ပြောကြားပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟဒ် ရဲ့ သတင်းကို ကိုမင်းထက် က ပြောပြပေးမှာပါ။