ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေက ဗီဇာပွဲစားများ
အင်္ဂလန်နိုင်ငံ West Midlands ဒေသမှာ ပြည်ပကနေ ကျောင်းလာတက်နေသူတွေကို အလုပ်လုပ်ခွင့်ဗီဇာ လျှောက်ပေးမယ်ဆိုပြီး အခကြေးငွေ တရားမဝင် ယူပြီး ငွေ သန်းနဲ့ချီ စီးပွားဖြစ်နေတဲ့ ကမ္ဘာ့ပွဲစားကွန်ရက်ကြီး တစ်ခုကို ဘီဘီစီက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ ယူကေ ရောက်ခါစ ကျောင်းသားတွေဟာ အဲဒီ အေးဂျင့် ပွဲစားတွေကို ငွေထောင်သောင်းချီ ပေးခဲ့ရပေမဲ့ သူတို့ လျှောက်ပေးတဲ့ စာရွက်စာတမ်းတွေက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပယ်ချတာ ခံခဲ့ကြရပါတယ်။ ဘီဘီစီ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် အေမီ ဂျွန်စတန်က အဲဒီလို လုပ်စားနေတဲ့ အေးဂျင့် ပွဲစားတွေအကြောင်း အချိန် တနှစ်လောက်ပေးပြီး စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။