လော့စ်အိန်ဂျယ်လိစ်တောမီးကြောင့် သေဆုံးသူ တိုးလာ

ဗီဒီယို ပုံစာ, လော့စ်အိန်ဂျယ်လိစ်တောမီးကြောင့် သေဆုံးသူ တိုးလာ
လော့စ်အိန်ဂျယ်လိစ်တောမီးကြောင့် သေဆုံးသူ တိုးလာ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က လော့စ်အိန်ဂျယ်လိစ် မြို့ အနီးဝန်းကျင်တွေမှာ လောင်နေတဲ့ တောမီးတွေကြောင့် သေဆုံးရသူပေါင်း ၂၄ ဦးအထိ ရှိလာပြီ ဖြစ်ကာ ၁၆ ယောက်ထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ လေပြင်းတွေ ဆက်တိုက်နိုင်သေးတယ်လို့ ဆိုထားတာကြောင့် နောက်ထပ် လူပေါင်း ၁ သိန်းကျော်ကို မီးဘေးရှောင်ခိုင်းထားပါတယ်။ တဖက်မှာလည်း အာဏာပိုင်တွေရဲ့ ကြိုတင် ပြင်ဆင်မှုနဲ့ တုံ့ပြန်ဆောင်ရွက်မှုပိုင်းတွေနဲ့ ပတ်သက်လို့ မေးခွန်းတွေ ထုတ်လာကြပါတယ်။ အဲဒီက နောက်ဆုံးအခြေအနေတွေ နဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် ဟယ်လန်နာ ဟမ်ဖရီက ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။