ရိုဟင်ဂျာတပ်တွေနဲ့ အေအေတို့ကြား တိုက်ပွဲဖြစ်
ရိုဟင်ဂျာတပ်တွေနဲ့ အေအေတို့ကြား တိုက်ပွဲဖြစ်
စစ်တပ်မရှိတော့ဘဲ အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် အာဆာအပါအဝင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေရဲ့ စုဖွဲ့လှုပ်ရှားမှုတွေကို ပိုတွေ့လာရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အေအေရဲ့တပ်စခန်းတချို့ကို အဲဒီအဖွဲ့တွေ ဝင်တိုက်ခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားတဲ့ ARSA အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင် ငါးဆယ်ကျော် ကိုလည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းဆီးလိုက်ပြီး နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒီအကြောင်း မသီရိဇော်က ပြောပြပေးပါမယ်။



