အီရန်နဲ့ အမေရိကန် နှစ်ပတ်ကြာ အပစ်ရပ်

ဗီဒီယို ပုံစာ, အီရန် နဲ့ အမေရိကန် နှစ်ပတ်ကြာ အပစ်ရပ်
အီရန်နဲ့ အမေရိကန် နှစ်ပတ်ကြာ အပစ်ရပ်

အမေရိကန်နဲ့ အီရန်အကြား သီတင်း ၂ ပတ်ကြာ အပစ်ရပ်ဖို့ သဘောတူညီခဲ့ပြီးနောက် နှစ်ဖက်စလုံးက သူတို့ အနိုင်ရခဲ့ကြောင်း ပြောနေကြပါတယ်။ ဟော်မုဇ် ရေလက်ကြားကို ပြန်မဖွင့်ပေးရင် တတိုင်းပြည်လုံးကို ဖျက်ဆီးပစ်မယ်ဆိုပြီး သမ္မတထရမ့် ရာဇသံပေးထားတဲ့ နောက်ဆုံးအချိန် မရောက်ခင်မှာ အပစ်ရပ်သဘောတူညီမှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကြေညာပြီး နောက်ပိုင်းမှာ အီရန်က တီဟီရန် မြို့တော်ထဲမှာလည်း အီရန်အလံတွေ၊ ခေါင်းဆောင် မွတ်ရှ်တာဘာ ခါမေနီရဲ့ ပုံတွေကို ကိုင်ဆောင်ထားကြသူတွေကို မြင်ကြရပါတယ်။ ဒီလို အပစ်ရပ် သဘောတူညီချက်အပေါ် အီရန်ထဲမှာလည်း အမြင်အမျိုးအမျိုးရှိနေပါတယ်။ တချို့အတွက်တော့ ဓာတ်အားပေး စက်ရုံတွေ အတိုက်ခိုက်မခံရဘူး ဆိုတာကြောင့် စိတ်သက်သာရာ ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘီဘီစီ သတင်းထောက် လော်ရင် မော့စ် ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။