ပြည်ပမှာ အလုပ်လုပ်သူတွေအပေါ် တင်းကျပ်မှုတွေတိုးလာ

ဗီဒီယို ပုံစာ, ပြည်ပမှာ အလုပ်လုပ်သူတွေအပေါ် တင်းကျပ်မှုတွေတိုးလာ
ပြည်ပမှာ အလုပ်လုပ်သူတွေအပေါ် တင်းကျပ်မှုတွေတိုးလာ

အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေရော၊ ပြည်ပကနေ ခွင့်နဲ့ခေတ္တပြန်လာပြီး ပြန်ထွက်မယ့်သူတွေပါ အလုပ်သမားဝန်ကြီးဌာနရဲ့ စေလွှတ်ခွင့်နဲ့ ထွက်ခွာခွင့် ပြန်စာအပြင် အလုပ်သမားဌာနရဲ့ Telegram Channel ကထုတ်ပြန်တဲ့ ပြည်ပထွက်ခွာခွင့် အမည်စာရင်းမှာ ကိုယ့်အမည်ပါမှသာ ပြည်ပထွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အရင်ကတည်းက ညွှန်ကြားထားပြီးဖြစ်ပေမဲ့ မိမိအစီအစဉ်နဲ့ ပြည်ပမှာ အလုပ်လုပ်နေသူတွေ ခွင့်ပြုချက် မတောင်းဘဲ ပြန်လည် ထွက်ခွာနေတာကြောင့် မနက်ဖြန်ကစပြီး အပြည့်အစုံပါမှ ထွက်ခွင့်ရမယ်လို့ ထပ်မံ အသိပေး ထုတ်ပြန်လာပါတယ်။ ဝန်ကြီးဌာနက မနက်ဖြန်မှလို့ ထုတ်ပြန်ပေမဲ့ မနေ့ကရော တစ်နေ့ကပါ လေဆိပ်ကနေ လှည့်ပြန်ခဲ့ရသူတွေ ရှိပါတယ်။ အခုလို အလုပ်သမားဝန်ကြီး ဌာနရဲ့ တင်းကျပ်မှုတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ ဘယ်လို ဒုက္ခအခက်အခဲတွေ ဆက်ရင်ဆိုင်ကြရမှာပါလဲ။ မသင်းသင်းနွယ်က ပြောပြမှာပါ