ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပဲရစ် အိုလံပစ် လုံခြုံရေး တိုးမြှင့်ထားရ
ပဲရစ် အိုလံပစ် လုံခြုံရေး တိုးမြှင့်ထားရ
ပြင်သစ်မှာ ကျင်းပမယ့် ၃၃ ကြိမ်မြောက် နွေရာသီ အိုလံပစ်ပွဲတော်ကို မီးရှူးတိုင် ထွန်းညှိပြီး ဒီကနေ့ညမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ပဲရစ်မြို့ အနှံအပြားမှာလည်း လုံခြုံရေး တင်းကျပ်ထားပြီး ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေ၊ ထောင်နဲ့ချီတဲ့ အားကစားသမားတွေဟာ စိမ်းမြစ်နဲ့ အီဖဲလ် မျှော်စင်ကြီးနားမှာ လုပ်မယ့် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ကြမှာပါ။ ဘီဘီစီ သတင်းထောက် ဒန် ရုန်းရဲ့ သတင်းကို ကိုရင်မောင်က ပြောပြပေးမှာပါ။