ပြည်နယ်နဲ့ တိုင်း တချို့မှာ စံချိန်တင် ရေကြီး

ဗီဒီယို ပုံစာ, ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတွေ အပါအဝင် ပြည်နယ်နဲ့ တိုင်း တချို့မှာ ရေကြီးနေ
ပြည်နယ်နဲ့ တိုင်း တချို့မှာ စံချိန်တင် ရေကြီး

ပြည်နယ်နဲ့ တိုင်းတချို့မှာ မိုးများလို့ စံချိန်တင် ရေကြီးမှုတွေ ရှိနေပြီး လက်ရှိမှာတော့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေပါတယ်။ နဂိုက တည်းက ရေအခံရှိတဲ့ ဧရာဝတီတိုင်းဟာ ‌ရေကြီး‌မှုဒဏ်ကို ပိုခံစားရပြီး ပဲခူးမှာတော့ ရထား ဘူတာ ရေကျော်နေတဲ့အတွက် ရထားခရီးစဉ်တွေလည်း ရပ်ဆိုင်းနေပါတယ်။ ရန်ကုန်မှာလည်း တစ်ချို့ မြို့နယ်တွေမှာ ရေကြီးမှုဒဏ်ကို ခံစားနေရပါတယ်။ ဒီအကြောင်း အသေးစိတ်ကို မသင်းသင်းနွယ်က ပြောပြပါမယ်။