ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် မြို့ကြီးတွေပေါ်က မူးယစ်ဆေး၀ါးပြဿနာ
အမေရိကန် မြို့ကြီးတွေပေါ်က မူးယစ်ဆေး၀ါးပြဿနာ
အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ ၂၀၂၃ အတွင်းက ဖက်တန်နဲယ် ဆေးထိုးလွန်ပြီး သေဆုံးခဲ့ရသူပေါင်း တစ်သိန်းကျော် ရှိခဲ့ပါတယ်။ ဘရိုင်ယန် အမ်မရီဆိုရင် ဆေးစွဲပြီး ဆန်ဖရန်စစ္စကို မြို့က လမ်းတွေပေါ်မှာ အိုးမဲ့အိမ်မဲ့ အဖြစ် ၃ နှစ်လောက် နေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်ဆုံးလုနီးနီး ကြုံခဲ့ရပြီးနောက်မှာ ဆေးပြတ်သွားခဲ့ပါတယ်။ သူက အမေရိကန် မြို့ကြီးတွေပေါ်က ဆေးစွဲမှုတွေကြောင့် ကြုံရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် ဂျိမ်းစ်ကလေတန်ကို ပြောပြခဲ့ပါတယ်။ ကိုကျော်ဇေယျက ပြန်ပြောပြမှာပါ။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပါနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။