ဘုံတိုရွာ ဗုံးကြဲခံရမှု ဒဏ်ရာရသူတွေ ဆေးကုသရေး ခက်ခဲ

ဘုံတိုရွာ ဗုံးကြဲခံရမှု ဒဏ်ရာရသူတွေ ဆေးကုသရေး ခက်ခဲ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ သီတင်းကျွတ် လပြည့်နေ့တုန်းက ဆီမီးထွန်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ အများအပြား သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိသူတွေကို ဆေးဝါးကုပေးရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေတယ်လို့ မြေပြင် အခြေအနေ သိရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း မနှင်းမိုက ပြောပြပေးမှာပါ။