ဆီးရီးယား ဒမတ်စကတ်မြို့က ပစ်မှတ်တွေကို အစ္စရေး တိုက်ခိုက်

ဗီဒီယို ပုံစာ, ဆီးရီးယား ဒမတ်စကတ်မြို့က ပစ်မှတ်တွေကို အစ္စရေး တိုက်ခိုက်
ဆီးရီးယား ဒမတ်စကတ်မြို့က ပစ်မှတ်တွေကို အစ္စရေး တိုက်ခိုက်

ဆီးရီးယားထဲမှာ ဒရုဇ်မျိုးနွယ်စုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားပြီး လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရပြီးနောက်မှာ ဒရုဇ် မျိုးနွယ်စုတွေကို အကာအကွယ်ပေးဖို့ ဦးစားပေးဖြစ်ကြောင်း ယာယီ သမ္မတ အာမက် အယ် ရှာရာက ပြောကြားပါတယ်။ နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ဆူဝေဒါ မြို့မှာ ဒရုဇ် မျိုးနွယ်စုတွေကို ဆီးရီးယား စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ အစ္စရေးက ပြောကြားပါတယ်။ မနေ့က ဆီးရီးယားမြို့တော် ဒမတ်စကတ်မှာရှိတဲ့ အစိုးရ ရုံးအဆောက်အအုံတွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဒရုဇ်မျိုးနွယ်စု အများအပြား ရှိတဲ့ အစ္စရေး အနေနဲ့ ဆီးရီးယားထဲက ဒရုဇ်တွေကို အကာအကွယ်ပေးဖို့ ကြားဝင်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုနေတာ ဖြစ်ပါတယ်။ ဆီးရီးယားထဲကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် မစ္စတာ ရှာရာရဲ့ အစ္စလာမ်မစ် အစိုးရအဖွဲ့နဲ့ တင်းမာမှုရှိလာပါတယ်။ ဘီဘီစီ သတင်းထောက် နစ်ခ် ဘိခ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြပေးမှာပါ။