အီရန်နိုင်ငံက နောက်ဆုံး အခြေအနေ

ဗီဒီယို ပုံစာ, အီရန်နိုင်ငံက နောက်ဆုံး အခြေအနေ
အီရန်နိုင်ငံက နောက်ဆုံး အခြေအနေ

အီရန်ရဲ့ နျူးကလီးယား ထုတ်လုပ်တဲ့ နေရာတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ မအောင်မြင်ဘူးလို့ အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြောကြားပါတယ်။ ဆယ့်နှစ်ရက်ကြာ ပဋိပက္ခတွေ ရပ်တန့်သွားပြီးတဲ့ နောက် သူ့ရဲ့ ပထမဆုံး ဗီဒီယို မိန့်ခွန်းထဲမှာ အီရန်ရဲ့ လက်တုံ့ပြန်မှုကြောင့် အစ္စရေး နိုင်ငံဟာ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။ ဘီဘီစီ ရဲ့ နိုင်ငံတကာ သတင်းထောက် ချုပ် လိစ် ဒူးဆက်ဟာ တဟီရန်မြို့မှာ ရောက်နေပြီး အဲဒီက အခြေအနတွေကို ပြောပြထားပါတယ်။ အီရန် ဥပဒေ အရ သူ့ရဲ့ သတင်းပေးပို့ချက်တွေကို ဘီဘီစီ ပါရှန်း ဌာနမှာ အသုံးပြုခွင့် မရှိပါဘူး။ ဒါဟာ အီရန်မှာ ရှိတဲ့ နိုင်ငံတကာ သတင်းမီဒီယာ အေဂျင်စီတွေ အားလုံးအတွက် အကျုံးဝင်တဲ့ ဥပဒေ သတ်မှတ်ချက် ဖြစ်ပါတယ်။ တဟီရန်မြို့မှာလည်း ပုံမှန် အနေအထား စရောက်လာနေပြီလို့ လိစ် ဒူးဆက်က ပြောပါတယ်။ မသီရိဇော်က ပြောပြပေးထားပါတယ်။