ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းမှာ စီအိုင်ကနေ နိုင်ငံကူးလက်မှတ် လျှောက်သူတွေကို ကန့်သတ် တံဆိပ်တုံးထု
ထိုင်းမှာ စီအိုင်ကနေ နိုင်ငံကူးလက်မှတ် လျှောက်သူတွေကို ကန့်သတ် တံဆိပ်တုံးထု
ထိုင်းနိုင်ငံမှာ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း သက်သေခံ စီအိုင် စာအုပ် အစိမ်းကနေ နိုင်ငံကူး လက်မှတ် ပြောင်းလဲ လျှောက်ထားကြသူတွေရဲ့ passport ပေါ်မှာ ဒီစာအုပ်ဟာ ထိုင်း နိုင်ငံ တစ်နိုင်ငံတည်းသား အကျုံးဝင်ကြောင်း တံဆိပ်တုံး ထုပေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒါကို စစ်ကော်မရှင်ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက လုပ်ဆောင်နေတာလို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း မသီရိဇော်က ပြောပြပေးထားပါတယ်။