ရစ်ပတ်ဘလီကန် ပါတီညီလာခံ ဒေါ်နယ်ထရမ့် တက်ရောက်

ဗီဒီယို ပုံစာ, ရစ်ပတ်ဘီကန် ပါတီညီလာခံ ဒေါ်နယ်ထရမ့် တက်ရောက်
ရစ်ပတ်ဘလီကန် ပါတီညီလာခံ ဒေါ်နယ်ထရမ့် တက်ရောက်

သေနတ်သမားရဲ့ လုပ်ကြံပစ်ခတ်ခံရပြီး ၂ ရက် အကြာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင် ရွေးချယ်ခံရပြီး နာရီပိုင်းအကြာမှာပဲ ဒေါ်နယ်ထရမ့်ဟာ ပါတီညီလာခံကို ရောက်လာခဲ့ပါတယ်။ ရီပတ်ဘလီကန် ဥပဒေပြု အမတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အရင်သမ္မတဟောင်း ထရမ့်ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ သမ္မတဟောင်း ထရမ့်က သူ့ရဲ့ ရွေးကောက်ပွဲ ဝင်ဖက် ဒုတိယ သမ္မတလောင်းအဖြစ် အဲဒီအခမ်းအနားမှာပဲ ကြေညာခဲ့တဲ့ ဂျေဒီ ဗန့်စ်နဲ့ အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မြောက်အမေရိက ဆိုင်ရာ သတင်းထောင် နော်မီယာ အစ်ခ်ဘားလ် မီဝေါ်လ်ကီးက ပေးပို့ ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။