ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်နယ် ထရမ့်ကို ပူတင်ကလည်း ဂုဏ်ပြု၊ ဆွေးနွေးဖို့ အသင့်ရှိကြောင်းပြော
အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ဟာ လာမယ့် ဇန်နဝါရီမှာ အိမ်ဖြူတော်ကို ပြန်မသွားခင် အရေးပါတဲ့ အစိုးရ အဖွဲ့ဝင် ရာထူးနေရာတွေကို ခန့်အပ်မှုတွေ လုပ်နေပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ မန်နေဂျာ ဆူဇီ ဝိုင်းစ် ကို အိမ်ဖြူတော် အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံး အမျိုးသမီး အိမ်ဖြူတော် အရာရှိ အဖြစ် ခန့်အပ်တာလည်း ဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဒေါ်နယ်ထရမ့် ကို ဂုဏ်ပြုစကား ပြောဆို ခဲ့သလို၊ အာဏာ လွှဲပြောင်းရေး အစီအစဉ် ချောမွေ့အောင် လုပ်ဆောင်မယ်လို့ ကတိပေး ပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကလည်း ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြု ခဲ့ပြီး ရုရှား အနေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ အသင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဆာမီရာ ဟူစိန်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။