စီဒီအမ်ဥပဒေ- ပညာရေးဝန်ထမ်းတချို့ အန္တရာယ်ကြုံနေရသလား

ဗီဒီယို ပုံစာ, မန္တလေးနဲ့ မကွေးတိုင်းမှာ ပညာရေးဝန်ထမ်းတချို့ အန္တရာယ်ကြုံ
စီဒီအမ်ဥပဒေ- ပညာရေးဝန်ထမ်းတချို့ အန္တရာယ်ကြုံနေရသလား

နှစ်ရက်အတွင်းမှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျောင်းအုပ် ဆရာမတစ်ဦးနဲ့ ခင်ပွန်း ဖြစ်သူတို့ ကျောင်းဝန်းအတွင်းမှာ သတ်ဖြတ်ခံခဲ့ရသလို မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျောင်းဆရာမတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။ Non - CDM ဝန်ထမ်းတွေကို အရေးယူမယ်လို့ CRPH က ဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း အခုလို ဖြစ်စဥ်တွေ ပေါ်ပေါက်လာတာပါ။ အပြည့်အစုံကို မစန္ဒာက ပြောပြမှာပါ။