အီရန် အစ္စရေး ပဋိပက္ခ အမေရိကန် ဝင်တိုက်ခိုက်နိုင်လား

ဗီဒီယို ပုံစာ, အီရန် အစ္စရေး ပဋိပက္ခ အမေရိကန် ဝင်တိုက်ခိုက်နိုင်လား
အီရန် အစ္စရေး ပဋိပက္ခ အမေရိကန် ဝင်တိုက်ခိုက်နိုင်လား

အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အတည်ပြုခဲ့ပြီးပြီလို့ နားလည် ရပေမယ့် အမှန်တကယ် တိုက်ခိုက်မှာလား ဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးပါဘူး။ အမေရိကန်က ကြားဝင် စွက်ဖက်လာရင် ကြီးမားတဲ့ ထိခိုက် ပျက်စီးမှုတွေဖြစ်အောင် လက်တုံ့ပြန်မယ်လို့ အီရန် ရဲ့ အဓိပတိကလည်း သတိပေးထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘီဘီစီ မြောက်အမေရိက ဆိုင်ရာ သတင်းထောက် ဂျိတ် ကွမ် ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။