ဒေါ်နယ်ထရမ့် ကနေဒါအပေါ် အခွန်တိုးမှုကို ရက် ၃၀ နောက်ဆုတ်ပေး

ဒေါ်နယ်ထရမ့် ကနေဒါအပေါ် အခွန်တိုးမှုကို ရက် ၃၀ နောက်ဆုတ်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါနဲ့ မက္ကဆီကိုတို့ အပေါ် ကောက်ခံသွားဖို့ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားသစ်တွေကို ရက် ၃၀ နောက်ဆုတ်ပေးလိုက်ပါတယ်။ မစ္စတာ ထရမ့်နဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုးတို့ အကြား ဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ကြရမှာ ကနေဒါ ဝန်ကြီးချုပ်က သူ့ နိုင်ငံရဲ့ နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဖန်တနိုင်း ကူးသန်းရောင်းဝယ်မှုတွေကို အမေရိကန်နဲ့ အတူ ပူးပေါင်း တိုက်ဖျက်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ထရမ့်က ကနဦး ရလဒ်တွေနဲ့ ပတ်သက်လို့ အင်မတန် အားရကျေနပ်မှု ရှိတယ်လို့ ဆိုပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိက ဆိုင်ရာ သတင်းထောက် မစ်ရှဲလ် ဖလာရီက အွန်တေရီယို ပြည်နယ်က ဝင်ဆာ မြို့မှာ ရောက်ရှိနေပါတယ်။ သူက အမေရိကန်နဲ့ ကနေဒါအကြား နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာ ဘယ်လို တုံ့ပြန်မှုတွေရှိနေသလဲဆိုတာနဲ့ ပတ်သက်လို့ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။