ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွေးကောက်ပွဲ အပိုင်း (၁) ဘယ်ပါတီတွေ နိုင်သလဲ
ရွေးကောက်ပွဲ အပိုင်း (၁) ဘယ်ပါတီတွေ နိုင်သလဲ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် မနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်းတစ်အတွက် ဒီနေ့ ညနေပိုင်းအထိရထားတဲ့ စာရင်းတွေအရ မဲဆန္ဒနယ်အားလုံးနီးပါးကို စစ်ဗိုလ်ချုပ်ဟောင်းတွေ အများဆုံး ပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ကအနိုင်ရရှိထားပါတယ်။ ဒီအထဲ မြို့နယ်အများစုကို အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားလို့ သုံးမြို့နယ်ပဲ ကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်မှာပါ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိမှုများနေတာလို့ သိရပါတယ်။ အခြားပါတီတွေကရော ဘယ်လိုနေရာတွေမှာ အနိုင်ရထားပါသလဲ။ လက်ရှိအချိန်အထိ ရရှိထားတဲ့ အနိုင်အရှုံးစာရင်းတွေကို မညိုလဲ့ရည်က ပြောပြပေးမှာပါ။