ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျော်ဂျီယာက အငှားကိုယ်ဝန် လုပ်ငန်း
ယူကရိန်း ကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ရိုက်ခတ်မှုတွေ အများအပြား ရှိပါတယ်။ အဲဒီအထဲမှာ ရင်သွေးလိုချင်တဲ့ မောင်နှံတွေအတွက် အငှားကိုယ်ဝန်ဆောင်ပေးတဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ယူကရိန်းဟာ တချိန်က ဒီလို အငှားကိုယ်ဝန်အတွက် ဥရောပမှာ အလာအများဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ဒီလုပ်ငန်းတွေဟာ ဂျော်ဂျီယာ ဘက်ကို ရွှေ့သွားကြပါပြီ။ အဲဒီက အေဂျင်စီတွေကလည်း အာရှအလယ်ပိုင်းက အမျိုးသမီးတွေ တော်တော်များများကို ခေါ်ယူနေကြသလို အဲဒီကနေတဆင့် တခြား အမြတ်ထုတ် အသုံးချမှုတွေ ရှိလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ဘီဘီစီ ရုရှား ဘာသာဌာနက မာရီယာ ယက်ဗ်စတာ့ဖ်ယေးဗာ တီဘစ်ဆလီမြို့က ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။