ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အနုပညာရှင် တချို့ ခေါ်ယူ စစ်ဆေးခံရမှုတွေရှိ
အနုပညာရှင် တချို့ ခေါ်ယူ စစ်ဆေးခံရမှုတွေရှိ
ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းတာကို အကြောင်းမပြန်တဲ့ အနုပညာရှင်တချို့ ခေါ်ယူ စစ်ဆေးခံရတာတွေရှိနေပါတယ်။ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားကို ဝေဖန်လို့ဆိုပြီး ရုပ်ရှင်ဒါရိုက်တာ ၃ ဦးနဲ့ သရုပ်ဆောင် ၂ ဦးကိုလည်း ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ စစ်တပ်က ဖမ်းဆီးထားပါတယ်။ တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်တွေ ချမှတ်ဖို့ တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း မသီရိဇော်က ပြောပြပေးထားပါတယ်။