ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာအရေး အစ္စရေး ကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေး
ဂါဇာ တောင်ဘက်ပိုင်းကိုလည်း အစ္စရေးက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲပါ။ အမေရိကန်ဘက်က အစ္စရေးကို ပြင်းပြင်းထန်ထန် သတိပေးပြောဆိုခဲ့ပြီးနောက် ၂ ပတ်အတွင်းမှာ ဂါဇာထဲကို ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ရောက်လာတယ်လို့ ကုလသမဂ္ဂ ဘက်က ပြောကြားပါတယ်။ အစ္စရေးက ရက်၃၀ အတွင်းမှာ ဂါဇာထဲကို လူသားချင်း စာနာမှု အကူအညီတွေ မပေးဘူး ဆိုရင် စစ်ရေး အကူအညီတွေကို ဖြတ်တောက်မယ် ဆိုပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး နဲ့ကာကွယ်ရေး ဝန်ကြီးတို့က လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာန ဆိုင်ရာ ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်းရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးထားပါတယ်။