ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားနဲ့ စိုးရိမ်မှု
ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားနဲ့ စိုးရိမ်မှု
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲကို ထိခိုက်ပြောဆိုတဲ့သူတွေကို စစ်တပ်ဘက်က ဖမ်းဆီးတရားစွဲဆိုနေသလို တစ်ဖက်မှာလည်း တော်လှန်ရေးတပ်တွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သူ တွေက စစ်တပ်ရွေးကောက်ပွဲကို မပူးပေါင်း မပါဝင်ဖို့ သတိပေးတာတွေဆက်တိုက် လုပ်နေပါတယ်။ ရွေးကောက်ပွဲကာလအတွင်း ပြည်နယ်တစ်ခုလုံးကို အရေးကြီးကာလအဖြစ်သတ်မှတ်တာ၊ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူတွေကို သစ္စာဖောက်အဖြစ်သတ်မှတ်တာ စတဲ့ ထုတ်ပြန်တာတွေရှိသလို ပါတီရုံးတွေအနီး ဗုံးဖောက်ခွဲတာတွေပါ ရှိလာနေပါတယ်။ဒီအပေါ် ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားနဲ့ စိုးရိမ်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။ တစ်ဖက်မှာ ကရင်နီဒေသအပါအဝင် တော်လှန်ရေးအားကောင်းတဲ့နေရာတွေမှာ ရွေးကောက်ပွဲအပေါ် သတိပေးမှုတွေ ဆက်တိုက်ရှိနေပါတယ်။ အပြည့်အစုံကို မသူဇာလင်းက ကပြောပြပေးသွားမှာပါ။



