ရိုက်တာအမှု ရက်ပေါင်း ၅၀၀ ကျော် အထင်ကရ ဖြစ်ရပ်များ

မေလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းသား ခြောက်ထောင့်ငါးရာကျော် လွတ်မြောက်လာကြတဲ့ထဲမှာ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လည်း ပါလာပါတယ်။ ရခိုင်ပြည်နယ် အင်းဒင်ရွာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကျုးလွန်ခဲ့တဲ့ လူသတ်မှု သတင်းကို ဖော်ထုတ်ရေးသားဖို့ ကြိုးစားရင်းသူတို့ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရုံးက ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တာပါ။

အကွက်ချ ထောင်ချောက်ဆင်ဖမ်းခဲ့တာလို့ ရဲအရာရှိက အစ ထွက်ဆိုခဲ့တဲ့ ရိုက်တာ သတင်းထောက် ၂ ယောက် အမှု ဘာတွေ ဖြစ်ခဲ့လဲ။ သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် မရခင် ပြီးခဲ့တဲ့ ရက်ပေါင်း ၅၀၀ ကျော် အတွင်း ရိုက်တာ သတင်းထောက် ၂ ယောက် အမှုက အထင်ကရ အဖြစ်အပျက်တွေ က ဘာတွေလဲ။ ရုပ်သံမှာ ပြန်လည် ရှုစားနိုင်ပါပြီ။