ယူကရိန်း စစ်တပ် လက်နက်ကြီးတွေ ရုပ်သိမ်းမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း အရှေ့ပိုင်းက သူပုန်နယ် တလျှောက်မှာ ရှိတဲ့ လက်နက်ကြီးတွေကို ပြန်လည် ရုပ်သိမ်းဖို့ ပြင်ဆင် နေပြီ ဖြစ်ကြောင်း ယူကရိန်း စစ်တပ်က ပြောပါတယ်။
အစိုးရနဲ့ သူပုန် နယ်စည်း နှစ်ဘက် ကြားမှာ ကြားခံနယ် ထားဖို့ကို ပြီးခဲ့တဲ့ စနေနေ့က ယူကရိန်း အစိုးရနဲ့ သူပုန်တို့ သဘောတူ ခဲ့ကြပါတယ်။
နှစ်ဘက် အပစ်ရပ် လက်မှတ် ထိုးခဲ့တဲ့ သဘောတူညီချက် တွေထဲမှာ နှစ်ဘက်လုံးက လက်နက်ကြီးတွေကို ၁၅ ကီလိုမီတာ အဝေးအထိ ရုပ်သိမ်းပေးဖို့ ပါဝင်ပါတယ်။
နှစ်ဘက် အပစ်ရပ် လက်မှတ် ထိုးခဲ့တာ နှစ်ပတ်ကျော် ကြာမြင့် လာပြီးနောက်မှာ ခုလို သဘောတူခဲ့တာ ဖြစ်ပြီး ဒွန်းညက်စ်နဲ့ မာရီပိုလ် မြို့ တွေ အနီးမှာတော့ ပစ်ခတ်မှုတွေ ဆက်လက် ရှိနေခဲ့ပါတယ်။
တိုက်ခိုက်မှုတွေ စတင် ခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက ခုချိန်ထိ ဒွန်းညက်စ်နဲ့ လူဟန့်စ် ဒေသ တဝိုက်မှာ လူ ၃၀၀၀ ကျော် သေဆုံး ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတော့ ဒွန်းညက်စ်နဲ့ လူဟန့်စ် ဒေသအချို့ အပါအဝင် သူပုန် နယ်မြေတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးဖို့ ယူကရိန်း ပါလီမန်က ဆုံးဖြတ်ခဲ့ပါတယ်။




