ပါကစ္စတန် ISI အကြီးအကဲသစ် ခန့်အပ်

ဓာတ်ပုံ ရင်းမြစ်, epa
ပါကစ္စတန် နိုင်ငံမှာ သြဇာ အာဏာ ကြီးမားတဲ့ ISI ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ အသစ် အဖြစ် ဗိုလ်ချုပ်ကြီး Rizwan Akhtar ကို ပါကစ္စတန် အစိုးရက ခန့်အပ် လိုက်ပါတယ်။
ဗိုလ်ချုပ်ကြီး Rizwhan Akhtar ဟာ ဆင်းဒ် ပြည်နယ်ဘက်မှာ လှုပ်ရှားတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ ရဲ့ စစ်တိုင်းမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထောက်လှမ်းရေး အကြီးအကဲ တာဝန် ကို ရှေ့လမှာ စယူမှာပါ။
ISI ထောက်လှမ်းရေး အဖွဲ့ ဟာ ပါကစ္စတန် နိင်ငံမှာ သြဇာ အရှိန်အဝါ ကြီးမား လွန်းတဲ့ အတွက် အစိုးရနဲ့ စင်ပြိုင် အာဏာရှိတယ် လို့တောင် တင်စားလေ့ ရှိတဲ့ အကြောင်း သတင်းထောက် တွေက ပြောပါတယ်။
လက်ရှိ ISI အကြီးအကဲ ရာထူးက ထွက်မယ့် ဗိုလ်ချုပ်ကြီး Zaheerul Islam ကတော့ ပါကစ္စတန် ဝန်ကြီးချုပ် Nawas Sharif နဲ့ သိပ် အဆင်မပြေသူ အဖြစ် အများက မြင်ကြပါတယ်။
အခု တက်မယ့် ထောက်လှမ်းရေး အကြီးအကဲ အသစ် ကတော့ အစိုးရ နဲ့ နီးစပ် ပြေလည်မှု ရှိမယ် လို့ ခန့်မှန်းကြပါတယ်။




