Algeria မှာ ပြင်သစ် တယောက်ကို ပြန်ပေးဆွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
Algeria နိုင်ငံမှာ ပြင်သစ် နိုင်ငံသား တယောက် ပြန်ပေးဆွဲခံထားရကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က အတည်ပြု ပြောကြား လိုက်ပါတယ်။
စစ်သွေးကြွ ၂ ယောက် ကြားမှာ ထိုင်နေတဲ့ လူတယောက်က ပြင်သစ်လို ဖတ်ပြ နေတဲ့ ဗီဒီယို ခွေဟာ အင်တာနက်မှာ ရောက်ရှိနေပြီး ဒီဗီဒီယိုက အစစ်အမှန် ဖြစ်တယ်လို့ မစ္စတာ Fabius က ပြောပါတယ်။
IS အစ္စလာမ္မစ် နိုင်ငံ တပ်က ဒီပြန်ပေး ဆွဲမှုကို နောက်က ပါဝင်နေတယ်လို့လဲ သူက ပြောပါတယ်။
ပြင်သစ် နိုင်ငံသား Herve Gourdel ကို Algeria နိုင်ငံ အရှေ့ပိုင်း က အစိုးရ ထိန်းချုပ်မှု အားနည်းတဲ့ Kabylie ဒေသ မှာ ဖမ်းဆီး သွားခဲ့တာ ဖြစ်ပါတယ်။
အီရတ်မှာ အစ္စလာမ္မစ် နိုင်ငံ တပ်တွေကို ပြင်သစ်က တိုက်ခိုက် နေတာတွေ ရပ်တန့်ဖို့လဲ ပြန်ပေး သမား တွေက တောင်းဆို လိုက်ပါတယ်။




