ကမ္ဘာ့ ရာသီဥတု ဆန္ဒပြပွဲ

climate

ဓာတ်ပုံ ရင်းမြစ်, na

ဓာတ်ပုံ ပုံစာ, ရာသီဥတု ပြောင်းလဲမှုကို ဟန့်တားဖို၌ ဆန္ဒပြကြ

တနင်္ဂနွေနေ့က ကမ္ဘာတလွှားမှာ ရာသီဥတုပြောင်းလဲမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံပေါင်း ၁၆၁ နိုင်ငံမှာ ဆန္ဒပြပွဲပေါင်း ၂၇၀၀ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ အမေရိကန် သမ္မတ ဘာရက် အိုဘားမား အပါအဝင် နိုင်ငံပေါင်း ၁၂၀ က ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ ရာသီဥတုပြဿနာနဲ့ပတ်သက်ပြီး ဆွေးနွေကြမယ့်ကာလမတိုင်ခင် ၂ ရက်အလိုမှာ အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြနိုင်ငံတွေထဲမှာ သြစတြေးလျ ၊ အာရှ၊ ဥရောပနဲ့ အမေရိန်ကပြည်ထောင်စုတို့ ပါဝင်ကြပါတယ်။

နယူးယောက်မှာ ဆန္ဒပြသူတွေထဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းလည်း ပါဝင်ပါတယ်။

"ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ဖို့ အချိန်နှောင့်နှေးကြန့်ကြာလေပိုပြီး ကြီးကြီး မားမားပေးဆပ်ရလေဖြစ်မှာပါပဲ။ ဒါ့ကြောင့် ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးမှာ လူတိုင်းပါဝင်စေချင်ပါတယ်။ နိုင်ငံခေါင်းဆောင်တွေရော လူမှုအဖွဲ့အစည်းတွေရော အားလုံးပူးပေါင်းပါဝင်စေချင်ပါတယ်" လို့ မစ္စတာ ဘန်ကီမွန်းကပြောပါတယ်။

"ဒါ့အပြင် ဒီကမ္ဘာကြီးဟာ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေ ဆက်လက် နေထိုင်ကြမယ့် ကမ္ဘာကြီး ဖြစ်ပါတယ်။ သူတို့အတွက် ကမ္ဘာတခုလိုအပ်တယ်ဆိုတာမမေ့ပါနဲ့။ ကျနော်တို့အတွက် အရန်စီမံကိန်းဆိုတာ မရှိနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့မှာ အရံဂြိုဟ်တလုံး အပိုမရှိလို့ပါပဲ" လို့လည်း သူက ပြောသွားပါတယ်။

ကမ္ဘာကြီးဟာ ၄ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ပိုပြီး ပူပြင်းလာခဲ့ပါတယ်။ အဲသလို ပိုမို ပူပြင်းလာတဲ့အတွက် အဆင်းရဲဆုံးနိုင်ငံတွေမှာ ဘေးဒုက္ခတွေ ပိုမိုဖိစီးလာကြပါတယ်။ ပင်လယ်ကမ်းခြေဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီး လယ်ကွင်းတွေဖုံးလွှမ်းယုတ်လျော့ကုန်ပါတယ်။ အပူလှိုင်းဖြတ်သန်းမှုနဲ့ မိုးခေါင်ရေရှားမှုတွေ ကြုံတွေ့ကြရပါတယ်။

ဒါတွေဟာ ကမ္ဘာ့ခေါင်းဆောင်တွေအားလုံးအတွက် စိန်ခေါ်မှုဖြစ်ပါတယ်။ အထူးသဖြင့် အရင်းရှင်နိုင်ငံကြီးများအတွက် ဖြစ်ပါတယ်။ သူတို့အနေနဲ့ အခုလို ရာသီဥတုပျက်ပြားမှုကို တကယ်ဖြေရှင်းဖို့ ဆိုရင် စွမ်းအင် သုံးစွဲမှုကို အမှန်တကယ် လျော့ချဖို့ လိုအပ်မှာ ဖြစ်တဲ့အတွက် စက်မှု လုပ်ငန်းတွေအပေါ်မှာ ထိခိုက်မှု တစုံတရာ ရှိလာနိုင်မှာ ဖြစ်ပါတယ်။