တရုတ် ရေတပ် သင်္ဘော တွေ အီရန်ရောက်

ဓာတ်ပုံ ရင်းမြစ်, other
တရုတ် ရေတပ် သင်္ဘော တွေ အီရန် နိုင်ငံကို ရောက်ရှိ လာပါတယ်။
အမေရိကန်ရဲ့ ပဉ္စမ ရေတပ် အခြေစိုက် ထားတဲ့ ဘာရိန်း တဘက်ကမ်း ပါးရှား ပင်လယ်ကွေ့ က Bandar Abbas ဆိပ်ကမ်း မြို့ကို တရုတ် စစ်သင်္ဘော ၂ စင်း ရောက်ရှိ လာတာ ဖြစ် ပါတယ်။
နှစ်နိုင်ငံ ရေတပ်ချင်း ပူးတွဲပြီး ရှာဖွေ ကယ်ဆယ်ရေး နဲ့ ပင်လယ် ရေကြောင်း မတော်တဆ ဖြစ်မှု ကာကွယ်ရေး လေ့ကျင့်ခန်း တွေ ဆောင်ရွက် သွားမယ်လို့ အီရန် ရေတပ် ဗိုလ်ချုပ်ကြီး Hossein Azad က ပြောပါတယ် ။
ဒီ နှစ်နိုင်ငံ ရေတပ်တွေ ပူးတွဲပြီး ပင်လယ် ဓားပြ နှိမ်နင်းရေး လှုပ်ရှားမှု တွေ ဆောင်ရွက် နေသလိုပဲ တရုတ်နဲ့ အီရန် ၂ နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုတွေ တိုးပွား လာ နေပါတယ်။




