စကော့တလန် ခွဲမထွက်မှု နိုင်ငံတကာ အမြင်

scotland

ဓာတ်ပုံ ရင်းမြစ်,

ဓာတ်ပုံ ပုံစာ, စကော့တလန် ခွဲမထွက်ဖို့ ဆုံးဖြတ်ခဲ့

စကော့တလန် ခွဲမထွက်ဖို့ ဆုံးဖြတ် ခဲ့လို့ စိတ်သက်သာရ ကြောင်း ဥရောပ ပါလီမန် ဥက္ကဋ္ဌ Martin Schulz က ပြောကြား လိုက်ပါတယ်။

စကော့တလန် ပြည်သူတွေ ရွေးချယ်မှု ကို လေးစားကြောင်း ၊ ဗြိတိန် အနေနဲ့ ညီညွတ်ရေး ကို ဆက်ပြီး ဦးဆောင် ထိန်းသိမ်း နိုင်မယ် လို့ ယုံကြည် ကြောင်း နေတိုး အဖွဲ့ချုပ် အတွင်း ရေးမှူး ချုပ် Anders Fogh Rasmussen က ပြောပါတယ်။

စကော့တလန် ခွဲထွက်ရေး မဲပေးမယ်လို့ မျှော်လင့် ခဲ့တဲ့ စပိန်က ကက်တလန် ခွဲထွက်ရေး လှုပ်ရှားသူ တွေက တော့ ရလဒ်ကို အလုံးစုံ စိတ်မပျက်မိ ကြောင်း ဘီဘီစီကို ပြောကြား ပါတယ်။

တခြား နိုင်ငံက ပြည်သူတွေ သူတို့ အတွက် မဲပေးပိုင်ခွင့်တွေ တောင်းဆိုဖို့ ဒီဆန္ဒခံယူပွဲက ပြနေတယ်လို့ ကက်တာလိုးနီးယား လွတ်လပ်ရေး ခေါင်းဆောင် Artur Mas က ပြောပါတယ်။

စပိန် အစိုးရက တရားမဝင်ဘူးလို့ ယူဆ ပေမယ့် ကက်တလန် လူမျိုးတွေက လွတ်လပ်ရေး တောင်းဆိုမှု ကို ဆက်လုပ်သွားမယ်လို့ သူက ပြောပါတယ်။

စပိန် ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်း ကတော့ ဒီဆန္ဒ ခံပွဲ ရလဒ်ကို ဥရောပ အတွက် အကောင်းဆုံး ရလဒ် အဖြစ် ကြိုဆို ခဲ့ပါတယ်။