သြစတြေးလျမှာ အကြမ်းဖက်မှု တားဆီးရေး စစ်ဆင်

ဓာတ်ပုံ ရင်းမြစ်, new south wales police
သြစတြေးလျနိုင်ငံမှာ အကြမ်းဖက်မှု တိုက်ဖျက် ရေး အကြီးမားဆုံး လှုပ်ရှားမှု တခုအဖြစ် လက်နက်တွေ အပြည့် ကိုင်ဆောင် ထားတဲ့ ရဲတွေက နေအိမ်တွေကို စီးနင်း ရှာဖွေခဲ့ ကြပါတယ်။
အကြမ်းဖက်ခံ ရနိုင်တဲ့ သတိပေးချက်ကို အာဏာပိုင် တွေက အဆင့် တိုးမြှင့် ပြဌာန်းခဲ့အပြီး ရက်ပိုင်း အကြာမှာပဲ ဆစ်ဒနီမြို့နဲ့ ဘရစ်စ်ဘန်းမြို့ တွေမှာ အခုလို စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့တာပါ။
ဆီးရီးယား ဒါမှမဟုတ် အီရတ်မှာ တိုက်ခိုက်ခဲ့ကြအပြီး အစွန်းရောက် ဝါဒီတွေ ဖြစ်သွားခဲ့ကြသူ သြစတြေးလျ နိုင်ငံသားတွေဆီက အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာမှာကို တုန့်ပြန် ကာကွယ်တဲ့အနေနဲ့ အခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Queensland ပြည်နယ်က အစ္စလာမစ် စာအုပ်ဆိုင် တခုကို ရဲတွေက ဝင်ရောက် စီးနင်းခဲ့ပြီး ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေကို ကူညီ အားပေးနေသူတွေလို့ ယူဆရသူ နှစ်ဉီးကို ဖမ်းဆီးခဲ့ပါတယ်။




