အီဘိုလာ ကြောင့် သေဆုံးသူ ပိုများလာ

ဓာတ်ပုံ ရင်းမြစ်, AP
အနောက်အာဖရိကဒေသမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါကြောင့် အခုအခါ လူ တထောင့်ကိုးရာကျော်လောက် သေဆုံးခဲ့ပြီးပြီလို့ သိရကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အကြီးအကဲ Margaret Chan က ပြောပါတယ်။
သေဆုံးမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ သီတင်း ၃ပတ်အတွင်း ဖြစ်ပွားခဲ့တာလို့ WHO က ပြောပါတယ်။
အီဘိုလာ ရောဂါ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ ဒါမှမဟုတ် အီဘိုလာ လို့ အတည်ပြုထားတဲ့ ရောဂါ ဖြစ်မှုပေါင်း ၃ထောင့် ၅ရာလောက် ဂီနီ၊ ဆီယာရာ လီယုန်း နဲ့ လိုင်ဘေးရီးယား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အီဘိုလာ ရောဂါ တိုက်ဖျက်ရေးအတွက် အနည်းဆုံး ဒေါ်လာ သန်း ၆ရာလောက် လိုလိမ့်မယ်လို့ WHO က ပြောပါတယ်။




