ဟောင်ကောင်မှာ ဘေဂျင်း အရာရှိကို ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ အကြောင်း ရှင်းပြတဲ့ ဘေဂျင်းက အကြီးတန်း အရာရှိ တစ်ဦးရဲ့ မိန့်ခွန်းကို ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက နှောင့်ယှက် ကန့်ကွက်ခဲ့ကြပါတယ်။
သူတို့တွေဟာ ကြွေးကြော်သံတွေ ရွတ်ဆို နှောင့်ယှက်ခဲ့ကြပြီး တရုတ် ပြည်မက ဗဟို အစိုးရအပေါ် ယုံကြည်မှု ကုန်ဆုံးသွားပြီလို့ ပြောပါတယ်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို လွတ်လွတ်လပ်လပ် ရွေးချယ်ဖို့ အရင်က ပြောထားပေမယ့် အခုတော့ ဘေဂျင်း အစိုးရဟာ ကတိမတည်သူ ဖြစ်တယ် ဆိုတဲ့ စာတန်းတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။
၂၀၁၇ ဟောင်ကောင် ရွေးကောက်ပွဲမှာ လူတိုင်း လွတ်လွတ်လပ်လပ် ယှဉ်ပြိုင် အရွေးခံခွင့်ကို တနင်္ဂနွေနေ့က ဘေဂျင်း အစိုးရက ပိတ်ပင်လိုက်ပြီး ကိုယ်စားလှယ်တွေကို စိစစ်ဖို့ စည်းမျဉ်း စည်းကမ်းတွေကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။




