အီဘိုလာ စမ်းသပ်ဆေး မျှော်လင့်ချက်ရှိ

ဓာတ်ပုံ ရင်းမြစ်, AP
အီဘိုလာ ရောဂါ တိုက်ဖျက်ရေးမှာ စမ်းသပ် နေတဲ့ Zee-Mapp ဆေး ကို မျောက်တွေနဲ့ စမ်းသပ် ရာမှာ ရာနှုန်းပြည့် အစွမ်း ထက်တာ ကို တွေ့ရကြောင်း သိပ္ပံ ပညာရှင် တွေက ပြောကြား လိုက် ပါတယ်။
ရောဂါ ကူးစက် ခံရပြီး ၅ ရက် အကြာမှာ ပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ ပေါ်လာတာ တောင် ဒီဆေးနဲ့ ကုနိုင်တယ် လို့ သဘာဝ ဆေးပညာ ဂျာနယ်မှာ ဖော်ပြ ပါတယ်။
ဒါပေမဲ့ Zee-Mapp ဆေးကို ပမာဏ နည်းနည်းလေး ပဲ ထုတ်လုပ်နိုင် ပါသေးတယ်။
နောက်ပြီး လူအပေါ် အာနိသင် သက်ရောက်မှု ဘယ်လို ရှိမလဲ ဆိုတာ ကိုလဲ သေချာ မသိရသေးပါဘူး။
လူနာ ၇ ယောက် ကို ဒီဆေးနဲ့ ကုသ ပေးခဲ့ရာမှာ ၂ ဦး သေဆုံး ခဲ့ပါတယ်။
လောလောဆယ် အနောက် အာဖရိကမှာ ဖြစ်ပွား နေတဲ့ အီဘိုလာ ကပ်ရောဂါဘေး ကြီးကြောင့် လူပေါင်း ၁၅ဝဝ ကျော် သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။




