ထိုင်းမှာ ယာယီနေထိုင် အလုပ်လုပ်ခွင့် ထုတ်ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံ မဟာချိုင် ဒေသမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ယာယီ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို ဇူလိုင် ၃ဝ ရက်နေ့က စပြီး ရက်ပေါင်း ၃ဝ အတွင်း ထိုင်း စစ်အစိုးရက ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။
ဆေးစစ်ခနဲ့ အခမဲ့ ဆေးကုသခွင့် အလုပ်လုပ်ခွင့် အပါအဝင် အသက်သာဆုံးနဲ့ အလွယ်ကူဆုံး ဆောင်ရွက်ပေးမယ့် အစီအစဉ်အရ တစ်ယောက်ကို ဘတ်ငွေ ၂၅ဝဝ နီးပါး အလုပ်သမားတွေ ဘက်က ကုန်ကျခံရ မှာဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှူရေးနဲ့ လုပ်အားခ တရားမျှတမှု ရှိရေးတို့ အတွက် လုပ်ဆောင်တာ ဖြစ်တယ် လို့လည်း ထိုင်း အစိုးရက ပြောပါတယ်။
အခု မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးတာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဆက်လက် လုပ်ဆောင် သွားဖို့ ရှိပါတယ်။




