ဗီယက်နမ် တရုတ် ရေပြင်မှာ တင်းမာနေ

ဓာတ်ပုံ ရင်းမြစ်, PetroVietnam
ဗီယက်နမ် ရေတပ် သင်္ဘော တွေနဲ့ တရုတ် သင်္ဘောတွေ တောင်တရုတ် ပင်လယ်မှာ ရင်ဆိုင် အချင်းများ နေကြပါတယ်။
၂ နိုင်ငံ အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ တရုတ် ဘက်က ရေနံတူးဖို့ ကြိုးစားရာက ပြဿနာ စတင်ခဲ့တာ ဖြစ်ပါတယ်။
တရုတ် သင်္ဘော ပေါ်က ရေပိုက်တွေနဲ့ ထိုးတယ်၊ သူတို့ သင်္ဘော တွေနား တရုတ် ဘက်က ဇွတ်အတင်း ဖြတ်ကျော်တယ် လို့ ဗီယက်နမ် အာဏာပိုင် တွေက ဆိုပါတယ်။
ပစ်ခတ်မှု မရှိပေမယ့် ဗီယက်နမ် သင်္ဘောသား တွေ တော်တော် ထိခိုက် ဒဏ်ရာရ တယ်လို့ ဗီယက်နမ် ကမ်းခြေစောင့် တပ်က ပြောပါတယ်။
ဒါဟာ နှစ်ပေါင်း များစွာ အတွင်း အဆိုးဝါးဆုံး ၂ နိုင်ငံ တင်းမာမှု ဖြစ်ပါတယ်။




