အာဖဂန်မှာ အေပီ သတင်းထောက် ၂ ဦး ပစ်ခတ်ခံရ

ပစ်ခတ်မှုကြောင့် တစ်ဦး နေရာမှာတင် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုကြောင့် တစ်ဦး နေရာမှာတင် သေဆုံး

အာဖဂန် နစ္စတန် နိုင်ငံမှာ မနက်ဖြန် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အကြို သတင်းရယူနေတဲ့ အေပီ သတင်းဌာနက အမျိုးသမီး သတင်းထောက် ၂ ဦးကို ရဲအရာရှိ တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ တစ်ဦး သေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရသွားပါတယ်။

သေဆုံးသွားသူဟာ ဂျာမန် အမျိုးသမီး ဓာတ်ပုံဆရာ Anja Niedringhaus ဆိုသူ ဖြစ်ပြီး အေပီ သတင်းဌာနအတွက် လုပ်ကိုင်သူ ဖြစ်ပါတယ်။

သူမရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်တဲ့ ကနေဒါ နိုင်ငံသူ အေပီ သတင်းထောက် Kathy Gannon ကတော့ ဒဏ်ရာ ရခဲ့ပြီး အခြေအနေ တည်ငြိမ်လာပြီလို့ ဆိုပါတယ်။

သူတို့ဟာ ပါကစ္စတန်နဲ့ နယ်စပ်အနီးက ခို့စ် ဒေသကို မဲပြားတွေ လာရောက် ပို့ဆောင်တဲ့ ရွေးကောက်ပွဲ အရာရှိတွေနဲ့အတူ လိုက်ပါလာကြတာ ဖြစ်ပါတယ်။

ပတ်ခတ်မှုအပြီးမှာ ဒီရဲအရာရှိဟာ တခြား လုပ်ဖော်ကိုင်ဖက်တွေဆီမှာ လက်နက်ချ အညံခံခဲ့ပါတယ်။