ရုရှား လိင်တူ ဥပဒေကို ကမ္ဘာတဝန်း ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, AFP
ရုရှားနိုင်ငံက ချမှတ်လိုက်တဲ့ လိင်တူ ချစ်သူ တွေနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ် ဥပဒေတွေ အပေါ် ဆန့်ကျင်တဲ့ အနေနဲ့ ကမ္ဘာတဝန်း ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။
ရုရှားနိုင်ငံ ဆိုချီ ဆောင်းရာသီ အိုလံပစ် အားကစားပွဲ ဖွင့်လှစ်ဖို့ ၂ ရက် အလိုမှာပဲ အခုလို ဆန္ဒပြမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမှာဆိုရင် ဆန္ဒပြသူတွေဟာ ဒီအားကစားပွဲကို စပွန်ဆာ ပေးထားတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ အနေနဲ့ ရုရှားရဲ့ ဒီဥပဒေကို ဆန့်ကျင်ဖို့ တောင်းဆိုကြပါတယ်။
ဒီ ဥပဒေဟာ လိင်တူ နှစ်သက်သူတွေရဲ့ အဖွဲ့အစည်းနဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို တားမြစ် ပိတ်ပင်တဲ့ ဥပဒေ ဖြစ်ပါတယ်။
ဆန္ဒပြမှုတွေကို နယူးယော့ခ်၊ ပါရီနဲ့ လန်ဒန် မြို့ကြီးတွေမှာလည်း ပြုလုပ်ဖို့ အလားအလာ ရှိနေပါတယ်။
အိုလံပစ် မီးရှူးတိုင်ကတော့ ဆိုချီကို အခု ရောက်ရှိသွားပြီ ဖြစ်ပြီး လမယ့် ရက်ပိုင်းအတွင်း ဆိုချီ တဝိုက်ကို မီးရှူးတိုင် လှည့်လယ်မှာ ဖြစ်တယ်လို့ အားကစားပွဲ ဖြစ်မြောက်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။




