တရုတ်နဲ့ အိန္ဒိယ နယ်စပ်အရေး လက်မှတ်ထိုး

တရုတ်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် ၂ ဦး ပီကင်းမှာ တွေ့ဆုံစဉ်။
ဓာတ်ပုံ ပုံစာ, တရုတ်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် ၂ ဦး ပီကင်းမှာ တွေ့ဆုံစဉ်။

အခုနှစ်ဆန်းပိုင်းက နယ်နိမိတ် အငြင်းပွားမှု ကြောင့် တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံ စစ်တပ်တွေ ကြား တင်းမာမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် နယ်စပ် လုံခြုံရေးနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက် ဖို့ အခု လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီသဘော တူညီချက်ဟာ နှစ်ဖက် စစ်တပ်တွေကြား ဆက်သွယ်ရေး ပိုကောင်းလာအောင် ရည်ရွယ်ထား တာ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်ကြောင့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ တရုတ်ဝန်ကြီးချုပ် လီခေချန်းက အိန္ဒိယ ဝန်ကြီးချုပ် မန်မွန်ဟန်ဆင်းနဲ့ တွေ့ဆုံအပြီး ဘေကျင်းမြို့မှာ ပြောကြား ခဲ့ပါတယ်။

ဟိမဝန္တာ တောင်တန်းဒေသ နယ်မြေအတော်များများမှာ တရုတ်နဲ့ အိန္ဒိယတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြပြီး ၁၉၆၂ ခုနှစ်တုန်းက ဆိုရင် နယ်စပ်တိုက်ပွဲတောင် ခဏ ဖြစ်ခဲ့ဖူးပါတယ်။