သြစီ အတိုက်အခံက အင်ဒိုလှေတွေ ဝယ်မယ်ဟုဆို

သြစတြေးလျကို ခိုးဝင်မယ့်သူတွေ မလာနိုင် အောင် အင်ဒိုနီးရှားက ငါးဖမ်းသင်္ဘောတွေ ဝယ်ပစ်မယ်လို့ သြစတြေးလျ ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်တဲ့ အတိုက်အခံ ခေါင်းဆောင် Tony Abbott က ပြောဆိုလိုက်ပါတယ်။
သူက ဆက်လက်ပြောဆိုရာမှာ ဒုက္ခသည်တွေကို ခိုးသွင်းလာတတ်တဲ့ ငါးဖမ်းလှေတွေကို ဝယ်ယူဖို့ ဒေါ်လာ သန်းချီ အသုံးပြုမယ်လို့ ဆိုပါတယ်။
ဒီအကြံအစည်ကို အာဏာရ လေဘာ အစိုးရကတော့ လှောင်ပြောင် ကဲ့ရဲ့ လိုက်ပါတယ်။
ခိုးဝင်သူ ဒုက္ခသည်တွေရဲ့ အကြောင်းဟာ နောက်လ ကျင်းပမယ့် သြစတြေးလျ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ အဓိက ငြင်းခုန်ကြတဲ့ ကိစ္စရပ် ဖြစ်နေပါတယ်။




