ရှရှားခြေကုပ်စခန်းတွေကို ယူကရိန်းက ပြန်သိမ်း

ကူပီရန့်စ်မြို့ က အိမ်ခေါင်မိုးပေါ်တစ်ခုပေါ်မှာ ယူကရိန်းစစ်သားတွေ ယူကရိန်း အလံ လွှင့်ထူနေစဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters via TELEGRAM @KUPTG

ဓာတ်ပုံ ပုံစာ, ကူပီရန့်စ်မြို့ က အိမ်ခေါင်မိုးပေါ်တစ်ခုပေါ်မှာ ယူကရိန်းစစ်သားတွေ ယူကရိန်း အလံ လွှင့်ထူနေစဥ်

ရုရှားတပ်တွေ စွန့်ပစ်သွားတာ(သို့မဟုတ်)ပျက်စီးနေတဲ့ ရုရှားတပ်တွေ ချန်ထားခဲ့တဲ့ပစ္စည်းတွေနဲ့ ယူကရိန်းစစ်သားတွေ သူတို့ အလံတွေ လွှင့်ထူပြီး ရိုက်နေတဲ့ ပုံတွေက လူမှု့ကွန်ရက်ပေါ်မှာ အများကြီးပျံ့နေပါတယ်။

သူတို့ တပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းကို လျင်မြန်တဲ့ တန်ပြန်ထိုးစစ်ဆင်နွှဲပြီး စတုရန်းကီလိုမီတာ သုံးထောင်ကျော် မိုင်နဲ့တွက်ရင်တော့ မိုင်တစ်ထောင့်တစ်ရာခြောက်ဆယ်နီးပါး နယ်မြေကို ရုရှားတပ်တွေလက်ထဲက ပြန်သိမ်း ထားနိုင်ပြီလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

သူတို့ပြောတာကို အတည်ပြုနိုင်တယ်ဆိုရင် ယူကရိန်းတပ်ဖွဲ့တွေ သိမ်းပိုက်ထား နိုင်တဲ့နယ်မြေက သုံးဆတိုးလာပြီလို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ သတင်းထောက်တွေအနေနဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ သတင်းသွား ယူခွင့်ပိတ်ပင်ခံထားရတာကြောင့် ယူကရိန်းစစ်တပ်ကပြောတဲ့ ကိန်းဂဏန်းတွေကို ဘီဘီစီက အတည်ပြုလို့ မရနိုင်ပါဘူး။

ဒါပေမဲ့ ရုရှားကာကွယ်ရေးဝန်ကြီးကလည်း သူတို့တပ်တွေ ပြန်ဆုတ်နေရပြီး တပ်ပြန်စုနေရတယ်လို အတည်ပြုထားတာရှိပါတယ်။

ဒီပုံတွေကတော့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ရဲ့ အနေအထားကို ထင်ဟပ်စေတဲ့ ဓာတ်ပုံတွေထဲက တချို့ပါ။

A Russian armoured fighting vehicle

ဓာတ်ပုံ ရင်းမြစ်, Getty Images via UKRAINIAN ARMED FORCES

ဓာတ်ပုံ ပုံစာ, ကာကိဗ်ဒေသမှာ ရိုက်ကူးထားတယ်ဆိုတဲ့ စွန့်ပစ်ထားတဲ့ ရုရှားသံချပ်ကာ ယာဉ်တစ်စီးရဲ့ ဓာတ်ပုံကို ယူကရိန်းတပ်ဖွဲ့တွေက စက်တင်ဘာ၁၁ရက်က ထုတ်ပြန်ခဲ့

ရုရှားတို့ ထိန်းချုပ်ထားတဲ့ ထောက်ပို့အတွက် အရေးပါတဲ့ ကူပီရန်စ်မြို့နဲ့ အူဇီယမ်မြို့တွေထဲကို သူတို့ တပ်တွေရောက်နေပြီလို့ ယူကရိန်းတပ်တွေက အခိုင်အမာပြောနေပါတယ်။

အဲဒီမြို့နှစ်မြို့ကနေ ပြန်ဆုတ်ပြီး ရုရှားအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ သူတို့တပ်ဖွဲ့တွေ အင်အား ပြန်စုစည်းဖို့ စီစဥ်ထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးကလည်း အတည်ပြုထားပါတယ်။

ပြီးတော့ တတိယမြောက်အရေးပါတဲ့မြို့ ဘာလက်ကီယာမြို့ကနေလည်း သူတို့ တပ်တွေ ပြန်ဆုတ်နေရပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီး က အတည်ပြုထား တာရှိပါတယ်။

တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ရုရှားသံချပ်ကာတိုက်ခိုက်ရေးယာဉ်တစ်စီးကို သူတို့ တပ်က ဖမ်းဆီးရမိခဲ့ကြောင်း ယူကရိန်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကာကိဗ်ဒေသတစ်ဝိုက်က မြို့နဲ့ရွာ ၃၀ ခန့်ကို ပြန်သိမ်းနိုင်ပြီလို့ ယူကရိန်းသမ္မတ ဗလာဒီမာဇာလန်းစကီး က ကြေညာထားပါတယ်။

ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ဘာလက်ကီယာမြို့က ရုရှားပိုစတာတစ်ခုကို ယူကရိန်းစစ်သားတွေ ဆွဲဖြဲ ဖျက်ဆီးပစ်နေတာကို တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ဘာလက်ကီယာမြို့က ရုရှားပိုစတာတစ်ခုကို ယူကရိန်းစစ်သားတွေ ဆွဲဖြဲ ဖျက်ဆီးပစ်နေတာကို တွေ့ရ

ယူကရိန်းတပ်က လူတွေကို ပြဖို့ ရည်ရွယ်ချက်နဲ့ ကာကိဗ်ဒေသက လမ်းဘေးမှာ ရုရှားတပ်တွေက စိုက်ထူထားတဲ့ ပိုစတာကြီးကို ဆုတ်ဖြဲခဲ့ပါတယ်။ အဲ့ဒီလိုဆုတ်ဖြဲနေစဥ်မှာ နာမည်ကြီး ယူကရိန်းကဗျာဆရာ တာရာစ်ရှက်ဗ် ချင်ကိုရဲ့ ကဗျာတစ်ပုဒ်ကို ယူကရိန်းတပ်တွေကရွတ်ရင်း ဖျက်ဆီးခဲ့ပြီး အဲဒီဗီဒီယိုကို ရိုက်တာက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသားအများစုအတွက် ရှက်ဗ်ချင်ကိုဟာ ယူကရိန်းကဗျာဆရာ၊နိုင်ငံရေး အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်ရုံတင်မက သူတို့နိုင်ငံလွတ်လပ်ရေးရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

Image shows Ukrainian woman named Natalia
ဓာတ်ပုံ ပုံစာ, ယူကရိန်းနိုင်ငံ တောင်ပိုင်း ခါဆွန်ဒေသက သူ့ရွာထဲကို ဝင်လာတဲ့ ယူကရိန်းတပ်တွေကို ပွေ့ဖက်ကြိုဆိုချင်တဲ့စိတ် ဖြစ်မိတယ်လို့ နာတာလီယာက ဘီဘီစီကိုပြော

ဘီဘီစီ သတင်းဌာနက အော်လာဂူရင်ဟာ ကာဆန်ဒေသ နိုဗိုဗိုဇန်ဆန်းစကီးရွာက အသက်၅၀အရွယ် လယ်သမား နာတာလီယာနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။

ယူကရိန်းတပ်တွေ ဝင်လာတဲ့ စက်တင်ဘာ၂ရက်နေ့မှာ သူ့ရွာ ရုရှားတပ်တွေလက်က ပြန်လွတ်ခဲ့တယ်လို့ သူကပြောပါတယ်။

" သူတို့ကို ပွေ့ဖက်ရမလား၊ သူတို့လက်ကိုပဲ ကိုင်ထားရမလား ဘာလုပ်ရ မှန်းတောင်မသိတော့ဘူး။ သူတို့ကိုထိရတာနဲ့တင် အရမ်းပျော်နေရတယ်"

Ukrainian service members pose in what they say is the recently liberated settlement of Vasylenkove in Kharkiv region, Ukraine, on 10 September 2022

ဓာတ်ပုံ ရင်းမြစ်, TERRITORIAL DEFENCE OF THE UKRAINIAN ARMED FORCES

ဓာတ်ပုံ ပုံစာ, မကြာမီကမှ ရုရှားလက်က လွတ်မြောက်လာတဲ့ ခါကစ်ဗ်ဒေသထဲက ဗာဆလန်ကို့ဗ်မြို့ ကပုံတွေကို ယူကရိန်းတပ်တွေ တင်နေကြ

ကာကိဗ်ဒေသ ဗာဆလန်မြို့ကို သူတို့ တပ်တွေရောက်နေတဲ့အကြောင်း ယူကရိန်း တပ်တွေက ပုံတင်ပြီး သက်သေပြကြပါတယ်။

အဲ့ဒီပုံက ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ နယ်မြေကာကွယ်ရေးရုံးက ထုတ်ပြန်လိုက်တဲ့ ပုံဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက် ရုရှားတပ်တွေလက်ထဲက လွတ်မြောက်ပြီးနောက် အဲဒီ ဓာတ်ပုံကို ရိုက်ယူခဲ့တာလို့ ပြောပါတယ်။

ဘာလက်ဗ်ကီယာမြို့ထဲက ရုပ်တုတွေမှာလည်း ယူကရိန်းအလံတွေ ချိတ်ဆွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images /Anadolu Agency

ဓာတ်ပုံ ပုံစာ, ဘာလက်ဗ်ကီယာမြို့ထဲက ရုပ်တုတွေမှာလည်း ယူကရိန်းအလံတွေ ချိတ်ဆွဲ

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ကာကိဗ်ဒေသ ဘာလက်ဗ်ကီယာမြို့ဟာ သူတို့လက်ထဲရောက်လာပြီလို့ ယူကရိန်းစစ်တပ်က စနေနေ့က ကြေညာပြီးနောက် ယူကရိန်းကဗျာဆရာ တာရာစ်ရှက်ဗ်ချင်ကို ရုပ်တုရှေ့မှာ လူတွေစုရုံးခဲ့ကြပါတယ်။

ယူကရိန်းသမ္မတ ဗလာဒီမီယာဇလန်းစကီးက ယူကရိန်း အရှေ့မြောက်ဘက် ကာကိဗ် ပြည်နယ် သိမ်းပိုက်နိုင်မှုဟာ ခြောက်လကြာ စစ်ပွဲအတွင်း အလားအလာကောင်းတဲ့ အောင်မြင်မှုတစ်ခုအဖြစ် ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာ ယူကရိန်းနိုင်ငံရဲ့ နယ်မြေ ငါးပုံတစ်ပုံကို ရုရှား တပ်တွေက သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။