မရှိတဲ့ပညာရှင်ကို ကိုးကားပြီး တရုတ်မီဒီယာက သတင်းရေးနေလို့ ဆွစ်ဇာလန်က ပြင်ပေးဖို့ပြော

ဒါတွေဟာ သတင်းမှားတွေဆိုတာကို တရုတ်ပြည်သူတွေကို အသိပေးတာ ဖြစ်တယ်လို့ ဆွစ်ဇာလန်သံရုံးက ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒါတွေဟာ သတင်းမှားတွေဆိုတာကို တရုတ်ပြည်သူတွေကို အသိပေးတာ ဖြစ်တယ်လို့ ဆွစ်ဇာလန်သံရုံးက ပြော
    • ရေးသားသူ, ဆူရန်ဂျာနာ တီဝါရီ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

သတင်းမှားတွေပါဝင်နေတဲ့ ဆောင်းပါးတွေ၊ ပို့စ်တွေကို ဖြုတ်ချပေးဖို့ တရုတ်မီဒီယာတွေကို တရုတ်နိုင်ငံမှာရှိတဲ့ ဆွစ်ဇာလန် သံရုံးက တိုက်တွန်းလိုက်ပါတယ်။

တရုတ်မီဒီယာတွေ အခုရက်ပိုင်းတွေအတွင်း ကိုးကားပြီး ပြောဆိုနေကြတဲ့ ဆွစ်ဇာလန် ဇီဝပညာရှင်ဆိုတာဟာ အပြင်မှာ တကယ်မရှိကြောင်း သံရုံးက ထုတ်ပြန်တဲ့ တွစ်တာပို့စ်မှာ ရေးသားထားပါတယ်။

ကိုဗစ်- ၁၉ အစပြုရာ နေရာအရေးနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ လွတ်လပ်မှု အပိုင်းတွေကို ဆွစ်ဇာလန် ပညာရှင်" ဝဲလ်ဆင် အက်ဝပ် (Wilson Edwards)"က ပြောတဲ့ မှတ်ချက်စကားတွေအသုံးပြုထားတဲ့ ဆောင်းပါးတွေကို တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အခုလို ဆွစ်ဇာလန်သံရုံးက ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ မီဒီယာအများအပြားက အဲဒီပညာရှင်နဲ့ပတ်သက်ပြီး ရည်ညွှန်းကိုးကားထားတာတွေကို ပယ်ဖျက်လိုက်ကြပါတယ်။

ဆွစ်ဇာလန်သံရုံးက ထုတ်ပြန်ပြီး တွစ်တာမှာ တင်ထားတဲ့ ကြေညာချက်ထဲမှာ "ကျွန်ုပ်တို့ နိုင်ငံကို အလေးဂရုပြုတဲ့အပေါ် ကျေနပ်အားရမှုရှိရပေမယ့် အဲဒီသတင်းဟာ မှားနေပါတယ်ဆိုတာကို တရုတ်ပြည်သူတွေကို ဆွစ်ဇာလန်သံရုံးအနေနဲ့ အသိပေးအပ်ပါတယ်"လို့ ရေးသားထားပါတယ်။

အဲဒီ ဇီဝပညာရှင်ရဲ့ ဖေ့ဘွတ်ကို အခြေပြုပြီး CGTN၊ ရှန်ဟိုင်း ဒေးလီး၊ ဂလိုဘယ်တိုင်းမ် စတဲ့ သတင်းဌာနတွေ အပါအဝင် သတင်းဌာန အများအပြားက သူ့ရဲ့မှတ်ချက်စကားကို သတင်းတွေထဲမှာ သုံးခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီ ဖေ့ဘွတ်အကောင့်ဟာ လွန်ခဲ့တဲ့ ၂ ပတ်ကမှ ဖွင့်ထားတာဖြစ်ပြီး အဲဒီအကောင့်မှာ ဖေ့ဘွတ် သူငယ်ချင်းက ၃ ယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

"ဒီဖေ့ဘွတ်အကောင့်ဟာ လူမှုမီဒီယာကတဆင့် မိတ်ဆွေသူငယ်ချင်းတွေကို ဆက်သွယ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်ထားတဲ့ပုံ မရှိဘူး" လို့ ဆွစ်ဇာလန် သံရုံးက မှတ်ချက်ချပါတယ်။

ဝဲလ်ဆင် အက်ဝပ်အမည်နဲ့ ဆွစ်ဇာလန် နိုင်ငံသားလည်း တယောက်မှ မရှိသလို၊ အဲဒီ နာမည်နဲ့ ပညာရှင်ဆိုင်ရာဆောင်းပါးတွေရေးတာမျိုး တခါမှ မရှိဖူးဘူးလို့ ဆွစ်ဇာလန်သံရုံးက ပြောပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

1px transparent line

ပုံပါ ပြင်ပရင်းမြစ်ကအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက တာဝန်မခံပါ။

ဘီဘီစီက တွေ့ခဲ့ရပြီး အခုအချိန်မှာတော့ ပြောင်းလဲထားပြီးဖြစ်တဲ့ ဆောင်းပါးတခုထဲမှာ ဆွစ်ဇာလန်က ဇီဝပညာရှင် ဝဲလ်ဆင် အက်ဝပ်ဆိုပြီး ကိုးကားထားတာကို တရုတ်မီဒီယာ တွေထဲမှာ တွေ့ရပါတယ်။

ချိုင်းနားဒေးလီးက ဆောင်းပါးထဲမှာ "ဝဲလ်ဆင် အက်ဝပ်က သူ့ဖေ့ဘွတ်အကောင့်မှာ ဘာရေးထားသလဲ ဆိုရင် 'ပြီးခဲ့တဲ့ လတွေအတွင်း ကိုဗစ်-၁၉ အစပြုရာကို လိုက်ရှာကြတဲ့ကိစ္စက နိုင်ငံရေးအရ လုပ်နေကြတယ်ဆိုတာကို ကျွန်တော်ဟာ ဇီဝပညာရှင် တယောက်အနေနဲ့ မျက်မြင်တွေ့ခဲ့ရတယ်'"ဆိုတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ပြောင်းလဲလိုက်တဲ့ ဆောင်းပါးမှာတော့ အဲဒီ ဝဲလ်ဆင် အက်ဝပ်နဲ့ ဆိုင်တာတွေကို ဖြုတ်ပစ်ခဲ့ကြပါတယ်။

ရှန်ဟိုင်းဒေးလီး ဒစ်ဂျစ်တယ် သတင်းစာမျက်နှာမှာလည်း "ကိုဗစ်-၁၉ ကပ်ရောဂါ အစပြုရာကို ခြေရာကောက်လိုက်ရှာကြတဲ့ WHO အကြံပေးအဖွဲ့ဟာ "နိုင်ငံရေး ကိရိယာ" တခုဖြစ်သွားတယ်ဆိုတာကို ဥရောပ ဇီဝဗေဒပညာရှင် တယောက်က ပြောဆိုလာပြီ"လို့ ဆိုထားသလို၊ အဲဒီ ဇီဝပညာရှင်ဟာ"WHOရဲ့ လွတ်လပ်မှု" အပေါ် စိုးရိမ်နေတယ်လို့လည်း ရေးထားပါတယ်။

ဒီလို သတင်းတွေဖြန့်တာဟာ သတင်းဖတ်သူတွေအတွက် ကောင်းမွန်တဲ့ စိတ်ထားနဲ့ ဖြန့်ပုံရပါတယ်လို့ ဆွစ်ဇာလန်သံရုံးကပြောပေမယ့် သက်ဆိုင်ရာ သတင်းဌာနတွေကို ဒီသတင်းတွေကို ဖြုတ်ချပေးဖို့ ဒါမှမဟုတ် အမှန်ကို ပြင်ဆင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။