ကိုရိုနာဗိုင်းရပ်စ် အသစ်ကို Covid-19 လို့ တရားဝင်အမည်သတ်မှတ်

A Chinese woman (left) wears a protective mask as she has her temperature checked by an official entering a park on 9 February 2020 in Beijing, China

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အာဏာပိုင်တွေ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး ဝေဖန်တာတွေ တိုးလာနေ

ကိုရိုနာဗိုင်းရပ်စ်သစ်ရဲ့ တရားဝင်အမည်ကို ကိုဗစ်- နိုင်တဲန်း Covid-19 လို့သတ်မှတ်လိုက်ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

"ရောဂါအတွက် ကျွန်တော်တို့ အမည်ရပါပြီ၊ အဲဒါကတော့ Covid-19" လို့ WHO အကြီးအကဲ တက်ဒရိုစ် စန်ဒါနွန် ဂီဘရေရက်ဆို က ဂျနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။

အခုခေါ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုတဲ့ ဝေါဟာရဟာ အခုဗိုင်းရပ်စ်မျိုးသစ်နဲ့ သိပ်မဆိုင်ပဲ ကိုရိုနာဗိုင်းရပ်စ် အုပ်စုတခုလုံးနဲ့ ဆိုင်တဲ့ အမည်သတ်မှတ်ချက်ပါ။

ရှုပ်ထွေးမှုတွေ၊ အမည်နဲ့အပြစ်ပုံတာတွေ မဖြစ်ရအောင် တရားဝင်အမည်သစ်တခုပေးဖို့ သုတေသီတွေက တောင်းဆိုနေခဲ့ကြတာပါ။

"နေရာဒေသတခုခု၊ တိရစ္ဆာန် တကောင်ကောင်၊ လူတယောက်ယောက် ဒါမှမဟုတ် လူအုပ်စု တစုစု စတာတွေကို ရည်ညွှန်းတဲ့ ဟာ မဖြစ်ရအောင်ရယ်၊ အသံထွက်ရ လွယ်အောင်ရယ် စတာတွေကို စဉ်းစားပြီး အမည်ကို ရှာခဲ့တယ်" လို့ WHO အကြီးအကဲက ပြောပါတယ်။

တရုတ်နိုင်ငံတလွှားမှာ ရောဂါကူးစက်ခံရပြီလို့ သတ်မှတ်ထားတဲ့ လူနာပေါင်း ၄၂၂၀၀ ယောက် ရှိနေပြီး၊ သေဆုံးသူအရေအတွက်ဟာ ၂၀၀၃ ခုနှစ် ဆားစ် Sars ရောဂါပြန့်ပွားစဉ်ကထက် ပိုများလာနေပါပြီ။

တနင်္လာနေ့က ဟူဘေးပြည်နယ်တခုတည်းတင် လူပေါင်း ၁၀၃ ယောက် သေဆုံးခဲ့ရပြီး၊ တရုတ်နိုင်ငံတလွှားမှာ သေဆုံးသူပေါင်း ၁၀၁၆ ယောက် ရှိသွားပါပြီ။

ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်းကတော့ အရင်နေ့ကထက် ၂၀ ရာခိုင်နှုန်းကျဆင်းကာ၊ ရောဂါကူးသူ အရင်တနေ့က ၃၀၆၃ ယောက်ရှိခဲ့ရာက တနင်္လာနေ့မှာတော့ ၂၄၇၈ ယောက်ရှိခဲ့ပါတယ်။

Graphic showing rising number of coronavirus deaths and diagnoses in China