အမေရိကန် ဆေးရုံက သူနာပြု ၁၆ ဦးလုံး ကိုယ်ဝန်ရ

ကိုယ်ဝန်ဆောင် သူနာပြုများ

ဓာတ်ပုံ ရင်းမြစ်, BANNER HEALTH

ဓာတ်ပုံ ပုံစာ, ကိုယ်ဝန်ဆောင် သူနာပြုများ

အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ် Mesaမြို့မှာရှိတဲ့ ဆေးရုံမှာ သူနာပြု ၁၆ ဦးဟာ တပြိုင်တည်း ကိုယ်ဝန်ဆောင် နေတယ်လို့ ဆိုပါတယ်။

ဒါဟာ အထူး ကုသဆောင်(ICU)ထဲက သူနာပြု ၁၀ ရာခိုင်နှုန်း ကိုယ်ဝန် ဆောင်နေတာ ဖြစ်ပြီး လူနာတွေက စပြီး သတိထားမိတယ်လို့ သူနာပြုတွေက ပြောပါ တယ်။

ကိုယ်ဝန်ဆောင်ထားတဲ့ သူနာပြု အားလုံးဟာ စက်တင်ဘာလကနေ ဇန်နဝါရီလအတွင်း မီးဖွားမယ်လို့လည်း ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သူနာပြုတွေက ခရစ္စမတ် အားလပ်ရက်အတွက် ပူးပေါင်း ကြံစည်တာလို့ ပြက်လုံးထုတ်ပါတယ်။

Facebookမှာ အဖွဲ့တခုဖွဲ့ပြီး မဆုံဖြစ်ဘူးဆိုရင် အားလုံး ကိုယ်ဝန် ဆောင်တယ် ဆိုတာ အချင်းချင်း သိဖို့ မဖြစ်နိုင်ဘူးလို့ နောက်လမှာ မီးဖွားမယ့် Rochelle Shermanက ပြောပါတယ်။

ကိုယ်ဝန်ဆောင် သူနာပြုအားလုံးဟာ လာမယ့် တပတ်မှာ ၃ လကြာ မီးဖွင့်ခွင့်ယူ ကြမှာ ဖြစ်ပါတယ်။