သွေးလဝန်းကြတ်မယ့်ည

moon

ဓာတ်ပုံ ရင်းမြစ်, Owen Humphreys

ကမ္ဘာ့နေရာ အများစုမှာ ဒီရာစုအတွက် အကြာဆုံး လကြတ်တာကို ဝါဆိုလပြည့်ညမှာ ကြုံတွေ့ရဖို့ ရှိပါတယ်။

သွေးလဝန်း ဖြစ်စဉ်လို့ ခေါ်ကြတဲ့ ဒီလကြတ်မှုကို ကမ္ဘာ့တောင်ခြမ်း နိုင်ငံတွေက ကောင်းကောင်း မြင်ရမှာ ဖြစ်ပြီး အာဖရိကတိုက် တောင်ပိုင်း၊ သြစတြေးလျ၊ အိန္ဒိယ၊ အရှေ့တောင်အာရှနဲ့ မက်ဒါဂါစကာကျွန်း တွေကနေ အကောင်းဆုံး အနေအထားမှာ ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီတခါ လကြတ်တာက ၆ နာရီကျော် ကြာမှာ ဖြစ်ပြီး အပြည့်ကြတ်မယ့် အချိန်က တနာရီခွဲကျော်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အရိပ်က လပေါ်ရောက်တဲ့အချိန်မှာ အင်္ဂါဂြိုဟ်အရိပ်က ထူးထူးခြားခြား ကြီးမားလာပြီး ညကောင်းကင်ယံမှာ ထွန်းလင်းဖို့ ရှိပါတယ်။

ဗီဒီယို ပုံစာ, နှစ် ၁၅၀ ကျော်မှာ တပြိုင်တည်း တခါ မြင်ရမယ့် လဖြစ်ရပ် ၃ ခု
Mars

ဓာတ်ပုံ ရင်းမြစ်, Science Photo Library

ဓာတ်ပုံ ပုံစာ, ကမ္ဘာနဲ့ မိုင် ၃၄ သန်းအကွာထိ ရောက်လာမယ့် အင်္ဂါဂြိုဟ်

သောကြာနေ့ညနဲ့ နောက်ညတွေမှာ အင်္ဂါဂြိုဟ်က ၁၅ နှစ်အတွင်း ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာဖို့ ရှိပါတယ်။ ညတိမ်ကင်းစင်ချိန်မှာ သူ့ကို ကြယ်နီကြီး အဖြစ် မြင်ရဖို့လည်း ရှိပါတယ်။

လပေါ်မှာ ကမ္ဘာ့အလယ်ဗဟိုရဲ့ အရိပ်က ကျနေတာမို့ အရိပ်က အကျယ်ဆုံး ဖြစ်ပြီး လကြတ်ချိန်လည်း အကြာမြင့်ဆုံး ဖြစ်လာမှာပါ။

အင်္ဂါဂြိုဟ်နဲ့အတူ တခြား ဂြိုဟ်နီးချင်းတွေ ဖြစ်တဲ့ သောကြာဂြိုဟ်၊ ကြာသပတေးဂြိုဟ်နဲ့ စနေဂြိုဟ်တို့လည်း စီတန်း ထွက်ပေါ်လာဖို့ ရှိပါတယ်။