ရုရှားကလည်း ဗြိတိန် သံတမန်တွေကို နှင်ထုတ်မယ်

ရုရှ

ဓာတ်ပုံ ရင်းမြစ်, EPA/ YULIA SKRIPAL/FACEBOOK

ဓာတ်ပုံ ပုံစာ, ရုရှ သူလျှိုဟောင်း နဲ့ ပတ်သက်လို့ နှစ်နိုင်ငံ အငြင်းပွား

ရုရှ သံတမန်တွေကို ဗြိတိန် ဘက် က နှင်ထုတ် မယ်ဆိုတဲ့ ဗြိတိန် ရဲ့ ဆုံးဖြတ် ချက် နဲ့ပတ်သက်ပြီး တုံ့ပြန် တဲ့ အနေနဲ့ သူ့ဘက် ကလည်း ဗြိတိန် သံတမန် တွေကို နှင်ထုတ် ဖို့ စီစဉ် နေကြောင်း ရုရှား တာဝန် ရှိသူတွေ က ပြောပါတယ်။

ရုရှား ရဲ့ တုံ့ပြန်ချက် ကို အမြန်ဆုံး အကောင်အထည် ဖော်သွား မယ် ဆိုပြီး တော့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ မာရီယာ ဇာခါ ရိုဗာ က ပြောပါတယ်။

ဗြိတိန် နိုင်ငံမှာ ခိုလှုံ နေတဲ့ ရုရှား သူလျှိုဟောင်း အဆိပ်ခတ် ခံရတဲ့ အမှုမှာ ရုရှ နိုင်ငံ ကို ပြစ်တင်တဲ့ ဗြိတိန် အစိုးရ ရဲ့ လုပ်ရပ်ဟာ အဓိပ္ပါယ် မဲ့တဲ့ လုပ်ရပ် ဖြစ် တယ်လို့လည်း ရုရှ နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

ရုရှ သူလျှိုဟောင်း အဆိပ်ခံ ခံရမှုမှာ ရုရှား အစိုးရ ဟာ နောက်ကွယ်က ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ အထောက်အထား အများအပြား ရရှိ ထားကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ် ဂျွန်ဆင် က ပြောဆို ထားပါတယ်။