ဂျေရုဆလင် အရှေ့အလယ်ပိုင်းမှာ ဘယ်လို အရေးပါလဲ

ဓာတ်ပုံ ရင်းမြစ်, ATEF SAFADI
အမေရိကန်သမ္မတထရမ့်ဟာ ဂျေရုဆလမ်မှာ အမေရိကန်သံရုံး ထားရှိပြီး ဂျူးတွေရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတယ်လို့ ကြေညာချက်ကြောင့် တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်။
ပါလက်စတိုင်းမှာလည်း ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်နေသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒါကို အပြင်းအထန် ကန့်ကွက်ရှုတ်ချ နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GALI TIBBON
ဂျေရုဆလင်
ဒီမြို့ဟောင်းဟာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေမှာ အဓိက အခန်းကဏ္ဍမှာ ရှိခဲ့တာ ဖြစ်တယ်။ အခုတော့ ဒီနေရာက ပြောင်းလဲမှုကြောင့် မကျေလည်မှု အဓိကရုဏ်းတွေဆီကို ဦးတည်လာနေပါတယ်။
ဂျေရုဆလင်မှာ ဘာသာရေး အထွတ်အမြတ် နေရာတွေရှိနေပြီး ဂျူးတွေ၊ မွတ်စလင်တွေ၊ ခရစ်ယာန်တွေရဲ့ ဘာသာရေး ဝတ်ပြုကျောင်းတွေ ရှိနေပါတယ်။
ဒါ့အပြင် အဲ့ဒီမှာ နိုင်ငံရေးအထင်ကရ အဖြစ်အပျက် တွေလည်း ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေး
အစ္စရေး အများစုကတော့ ဂျေရုဆလင်ဟာ ထာဝရ၊ ခွဲခြမ်းစိတ်ဖြာလို့မရတဲ့ မြို့တော် အဖြစ်ရှုမြင်ကြပါတယ်။
ခေတ်သစ် ဂျေရုဆလင် ပေါ်မလာခင် ၁၉၄၈ ခုနှစ်မှာ အစ္စရေးပါလီမန်က အနောက်ဘက်မြို့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒါဟာ အစ္စရေးကနေ အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့တဲ့ ၁၉၆၇ ခုနှစ် ကာလ အိမ်နီးချင်း အာရပ်နိုင်ငံတွေနဲ့ စစ်ပွဲမတိုင်ခင်အထိ မဖြစ်ခဲ့ပါဘူး။
ဒီနောက်မှာတော့ နိုင်ငံတကာက အသိအမှတ်မပြုခဲ့တဲ့ နယ်နိမိတ်ခွဲခြားသတ်မှတ်တာကို လုပ်ခဲ့ကြပါတယ်။
အထူးသဖြင့် နိုင်ငံတကာ မဟာမိတ် အသိုင်းအဝိုင်း ကနေ အစ္စရေးတခုလုံးဟာ ဂျေရုဆလင်ရဲ့ အချုပ်အခြာ အာဏာအောက်မှာ ရှိနေတာကို အသိအမှတ်မပြုတာကို အစ္စရေး ခေါင်းဆောင်တွေကတော မကြာခဏဆိုသလို စိတ်ပျက်လက်ပျက် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါလက်စတိုင်း
ပါလက်စတိုင်းတွေ ဘက် ကတော့ ဒါနဲ့ လုံးဝကွဲထွက်နေပါတယ်။
အရှေ့ဂျေရုဆလင်ကို သူတို့ရဲ့ မြို့တော်ဖြစ်လာဖို့ လိုလားနေကြပါတယ်။
ဒီနေရာမှာ ငြိမ်းချမ်းနေဖို့ နိုင်ငံတကာက အမြဲတစေ ကျင့်သုံးခဲ့တဲ့ နှစ်နိုင်ငံ ညှိနှိုင်း ဖြေရှင်းရေးနည်းလမ်းနဲ့ ဆွေးနွေးခဲ့ကြတယ်။
အခြေခံကျတဲ့ အိုင်ဒီယာ ကတော့ ၁၉၆၇ ခုနှစ် မတိုင်မီက တည်ရှိနေခဲ့တဲ့ အစ္စရေး နယ်နိမိတ်တလျှောက်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ပေးဖို့ ကုလသမဂ္ဂ ပြဋ္ဌာန်း ဆုံးဖြတ် (resolution) ရေးသား ထားပါတယ်။
ဂျေရုဆလင်သား (၃)ပုံ (၁)ပုံလောက်ကတော့ ပါလက်စတိုင်းတွေ ဖြစ်ကြတယ်။
အထူးသဖြင့် ဂျူးတွေရဲ့ အိမ်ယာတွေ ချဲ့ထွင်မှုအပါအဝင် မြို့ရဲ့ အရှေ့ဘက်ပိုင်းမှာ တင်းမာမှုတွေက ကြီးကြီးမားမား ဆက်ရှိနေခဲ့တယ်။
နိုင်ငံတကာ ဥပဒေအရတော့ ဒီလိုလုပ်တာက တရားမဝင်ဘူးလို့ ရှုမြင်တယ်။
အစ္စရေးကတော့ ဒါကို သဘောမတူပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MANDEL NGAN
နိုင်ငံတကာငြိမ်းချမ်းရေးဖော်ဆောင်သူတွေ
ဆယ်စုနှစ်တွေ ကြာအောင် နိုင်ငံတကာအသိုင်းအဝိုင်း ကနေ ဒါကို ပြောနေခဲ့ကြတာ ဖြစ်ပါတယ်။
ဂျေရုဆလင်ရဲ့ အနေအထားကို ပြောင်းလဲ ပစ်ဖို့ ရာမှာ စေ့စပ်ညှိနှိုင်းပြီးသား ငြိမ်းချမ်းရေး သဘောတူညီချက်ကသာ အလုပ်ဖြစ်မယ် လို့ ပြောကြပါတယ်။
အခုတော့ အစ္စရေးမှာရှိတဲ့ သံရုံးအားလုံးကို တဲလ်အဲဗစ်မြို့ထဲ ဒါမှမဟုတ် မြို့အနီးအနားမှာ ထားဖို့ နဲ့ ကောင်စစ်ဝန်ရုံးတွေကို ဂျေရုဆလင်မှာ ထားထားကြတာ ဖြစ်ပါတယ်။
သမ္မတထရမ့် ကတော့ ဒါကို အကြောက်အကန် ကန့်ကွက်ပါတယ်။ သူက အမေရိကန်သံရုံးကို ဂျေရုဆလင်မှာ ပြောင်းရွှေ့ချင်နေပါတယ်။
အစ္စရေး-ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးရဖို့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေနေတယ်လို့ သမ္မတ ထရန့်က ပြောနေပေမယ့် ငြိမ်းချမ်းရေး အောင်မြင်ဖို့ သဘောတူညီမှု ရနိုင်မယ့် နည်းလမ်းတွေကိုတော့ သူမလုပ်ပါဘူး။
နှစ်ပြည်ထောင်နဲ့ တပြည်ထောင် ရွေးရမယ်ဆိုရင် ကျနော်က တပြည်ထောင်ပဲ ရှိစေချင်ပါတယ်။ နှစ်ဘက်စလုံးကလည်း ဒါကိုကြိုက်တယ် ဆိုတာကို ကျနောလည်း ဝမ်းမြောက်ပါတယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters









