ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုလံဘီယာက FARC သူပုန်တွေရဲ့ ရှေ့အလားအလာ ဘယ်လို ဖြစ်လာမလဲ။
ကိုလံဘီယာမှာ အစိုးရနဲ့ နှစ်ပေါင်း ၅၀ ကျော် တိုက်ခိုက်နေခဲ့တဲ့ FARC သူပုန်အဖွဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်နိုင်ခဲ့တဲ့အတွက် သမ္မတ ဟွမ်မန်နျူရယ်ဆန်တို့စ်တောင် ဒီနှစ် အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆု ရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီသဘောတူစာချုပ်ကို လူထုဆန္ဒခံယူပွဲမှာ လူထုက ပယ်ချခဲ့လို့ ငြိမ်းချမ်းရေးရဲ့ ရှေ့အလားအလာက မရေမရာဖြစ်သွားရပါတယ်။ လက်နက်တွေစွန့်ပြီး အရပ်ဖက်ကို ကူးပြောင်းလာဖို့ ပြင်နေတဲ့ FARC တပ်ဖွဲ့ဝင်တွေရဲ့ ရှေ့ခရီးကရော ဘယ်လို ဖြစ်သွားမှာပါလဲ။ နိုင်ငံတကာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ ကိုမင်းထက်က တင်ဆက်ပေးထားပါတယ်။